Yangon Pet Club © 2020 Online Pet Store. All Rights Reserved.
Developed by Digimart Digital Marketing Agency
☀🌧❄နွေမိုးဆောင်းရာသီဥတုသုံးပါးစလုံး ကျွန်တော်တို့ဟာ ရာသီအလိုက် ကျန်းမာရေးအတွက် ဆင်ခြင်စရာရှိတာတွေ ဆင်ခြင်ပြီး နေကြတယ်။ ရာသီအလိုက် နွေးထွေးစွာဝတ်ဆင်ပြီး နေကြတယ်…ဒါပေမယ့် ကိုယ့်ရဲ့🐶သားသားမီးမီးလေးတွေဖြစ်တဲ့ အဖော်ခွေးလေးတွေကိုရော သင်ကိုယ့်ကိုယ်ကို ဂရုစိုက်သလို ဂရုစိုက်ဖြစ်ရဲ့လား.. ဒီ Post မှာ မိုးတွင်းဂရုစိုက်ရမယ့် အချက်လေးတွေ သိသလောက် sharing လုပ်လိုက်ပါတယ်။
၁။ အမွှေးလေးတွေ စိုစွတ်မှုလုံးဝမရှိအောင် ဂရုစိုက်ပေးပါ 🐶❤️
အစိုဓာတ်ရှိတဲ့ အမွှေးတွေဟာ မှိုရောဂါ ကပ်စွဲဖို့နဲ့ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အကောင်းဆုံးခိုနားရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်လျှောက်ထွက်တဲ့အခါပဲဖြစ်ဖြစ်၊ ရေချိုးပြီးတဲ့ အခါပဲဖြစ်ဖြစ် ရေခြောက်အောင်သုပ်ပေးပါ။ dryer နဲ့အမွှေးလေးတွေမှုတ်ပေးတာလည်း ကောင်းပါတယ်..အမွှေးပိုပြီး ခြောက်ဖို့ သေချာတာပေါ့… dry shampoo သုံးပြီးလည်း သန့်ရှင်းပေးလို့ရပါတယ်…
၂။ ခြေသည်းလက်သည်း၊ ခြေဖဝါးလေးများကို သန့်ရှင်းပေးပါ 🐶❤️
ခြေဖဝါးတွေကလည်း အမြဲတမ်းမြေပြင်နဲ့ထိတွေ့ရတာဆိုတော့ ဖျားနာစေနိုင်တဲ့ ဘက်တီးရီးယားနဲ့ရောဂါပိုးတွေပါလာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အပြင်ထွက်ပြီးတိုင်း ခြေဖဝါးလေးတွေကို သန့်ရှင်းဖို့မေ့လျော့နေတတ်ကြပါတယ်။ဒါကြောင့်နွေပဲဖြစ်ဖြစ်၊ မိုးတွင်းပဲဖြစ်ဖြစ် အပြင်ထွက်တဲ့အခါ ခြေဖဝါးလေးတွေကိုကာကွယ်လို့ရအောင်၊ ရောဂါပိုးနဲ့ရွံ့တွေ မကပ်တွယ်အောင် ဖိနပ်လေးတွေဝတ်ပေးပေါ့… ဘယ်လိုမှဝတ်ပေးလို့မရဘူးဆိုရင်လည်း အပြင်ထွက်ပြီး ပြန်ရောက်တိုင်း ခြေဖဝါးလေးတွေကို မမေ့မလျော့ သန့်ရှင်းရေးလုပ်ပေးရပါမယ်…
၃။ အိပ်နေကျနေရာကို ခြောက်သွေ့အောင် ပြုလုပ်ပေးပါ 🐶❤️
စိုစွတ်နေတဲ့နေရာမှာ အက်မင်တို့လည်းမအိပ်ချင်သလို သူတို့လည်း မအိပ်ချင်ပါဘူး။ သူတို့ကို အိမ်အပြင်မှာ သိပ်တယ်ဆိုလည်း အိပ်တဲ့နေရာကို ခြောက်သွေ့နေအောင် ပြုလုပ်ပေးပါ။ အိပ်ရာခင်းတွေကိုလည်း ဘက်တီးရီးယားမပေါက်ဖွားအောင် လဲလှယ်ပေးပါ။ မိုးတွင်းဆို အစိုဓာတ်တွေစုနေတတ်ပြီး စိုစွတ်တဲ့မျက်နှာပြင်ဟာ အရိုးအဆစ်တွေကို နာကျင်စေပါတယ်…
၄။ နားရွက်များကိုလည်း သန့်စင်ပေးပါ 🐶❤️
စိုစွတ်တဲ့ရာသီမျိုးမှာ အစိုပြန်တာတွေနဲ့ အစိုဓာတ်တွေက နားမှာအလွယ်တကူစုနေနိုင်ပါတယ်။ နားမှထွက်တဲ့ အဆီနဲ့အစိုဓာတ်တွေ ပေါင်းမိတဲ့အခါ နားမှတစ်ဆင့်ရောဂါကူးစက်မှုတွေ ခံရနိုင်ပါတယ်…ဒါကြောင့် နားရွက်နေရာကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်…
၅။ စားသောက်ပုံကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်ပေးပါ။ ❤️🐶
စိုစွတ်တဲ့ရာသီဆို အိမ်တွင်းမှာပဲနေရတဲ့အခါ fiber ဓာတ်ရအောင်လည်း စီမံကျွေးသင့်ပါတယ်။ လှုပ်ရှားမှုမရှိတဲ့အခါfiber ဓာတ်က အူလှုပ်ရှားမှုအတွက် အထောက်အပံ့ပေးပါတယ်။ လှုပ်ရှားမှုသိပ်မရှိရင်တော့ ဝိတ်မတက်အောင် အစာကိုလည်း ချင့်ချိန်ပြီး ကျွေးသင့်ပါတယ်…
၆။ ရောဂါကူးစက်မှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်ပါ 🐶❤️
စိုစွတ်တဲ့ရာသီမျိုးက ရောဂါဘယအဖြစ်လွယ်ဆုံးပါ။ အလွန်အကျွံယားယံပြီး ကုတ်နေတာမျိုး၊ အဆက်မပြတ် လျက်နေတာမျိုး၊ နားမှာ အနံ့ထွက်နေတာမျိူးဆို တစ်ကြိမ်လောက်တော့ တိရစ္ဆာန်ကုဆရာဝန်နဲ့ပြသသင့်ပါတယ်…
၇။ မိမိ၏ခွေးလေးတွေအတွက် အသုံးပြုသော ခေါင်းလျှော်ရည်, ဆပ်ပြာ, လက်သည်းညှပ်များကိုလည်း သေချာစွာရွေးဝယ်ကြပါ။ သတိထားရမှာက သူတို့လေးတွေအတွက် သာသီးသန့်ထုတ်ထားသော ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုပေးဖို့ပါ။ ဘယ်မှာဝယ်ရမှန်း မသိတဲ့လူကြီးမင်းများအနေနဲ့ စိတ်ပူစရာ မလိုပါဘူးနော်။ ဈေးနှုန်းသက်သာပြီး အရည်အသွေး မြင့်မားသော ပစ္စည်းများကိုသာ ရောင်းချပေးနေတဲ့ လူကြီးမင်းတို့အတွက် “Yangon Pet Club” က အမြဲရှိနေပါတယ်။ ဖေ့ဘုတ် ကနေပြီးလည်းလူကြီးမင်းသိလိုသမျှကို စုံစမ်းမေးမြန်းနိုင်ပါတယ်။
Facebook page is here=> Yangon Pet Club
နောက်ဆုံးအနေဖြင့် အားလုံးဘဲမိမိချစ်ရသော မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ခွေးလေးတွေနှင့်အတူ သာယာပျော်ရွှင်သော နေ့တစ်နေ့လေးကို အမြဲဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း……….
88/90, 52 Street (Middle Block), Pazundaung Township, Yangon, Myanmar.
09 898 444 020
လူကြီးမင်းတို့၏ ဝုတ်ဝုတ်လေးများ အတွက်သိထားသင့်သည့် အချက်များ