Yangon Pet Club © 2020 Online Pet Store. All Rights Reserved.
Developed by Digimart Digital Marketing Agency
ခွေးလေးတွေကိုချစ်လို့ စမွေးတော့မယ်ဆိုရင် မွေးချင်တာတစ်ခုပဲ စိတ်ထဲဦးစားပေးတဲ့သူတွေအတွက် မမွေးခင် ဘာတွေစဉ်းစားရမလဲ Sharing လုပ်ထားတဲ့ Post လေးပါ
🐕🐺🐩🐶 ခွေးမွေးကြမယ်ဟေ့ ခွေးမွေးကြမယ် 🐕🐺🐩🐶
အလယ့် .. 😁 ကိုယ်တွေလို ခွေးချစ်တတ်တဲ့သူတွေအတွက် ဖတ်လိုက်ရတဲ့ စာသားလေးက ပျော်စရာလေးး 🥰
👏🏻👏🏻👏🏻 ခွေးမွေးတယ်ဆိုတာကောင်းပါတယ် 👏🏻👏🏻👏🏻 ခွေးချစ်လို့ ခွေးမွေးတာပျော်စရာပေါ့ 👏🏻👏🏻👏🏻
ခွေးမွေးတယ်ဆိုတာ ပြောလိုက်ရတာသာလွယ်တာ.. အဲ့ဒီရဲ့နောက်မှာ တော်တော်မလွယ်ကူတဲ့ ကွိုင်တွေတစ်ပုံကြီးရှိတယ်ဆိုတာ တော်ရုံသတိမထားမိကြဘူး.. ခွေးမွေးဖြစ်ကြတဲ့သူတွေ တော်တော်များများဟာ ခွေးတစ်ကောင်မွေးတဲ့အခါ ကြုံရမည့် တာဝန်တွေ၊ ဝတ္တရားတွေ၊ အခက်ခဲတွေနဲ့ မမျှော်လင့်နိုင်တဲ့ ပြဿနာတွေ တန်းစီနေတာ ကြိုမတွေးမိတတ်ကြပဲ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ကောက်မွေးလိုက်ကြတာများတယ်.. လက်တွေ့မှာတော့ ခွေးတစ်ကောင်မွေးရတဲ့ ဒုက္ခဟာမသေးပါဘူး..
🚩 ခွေးတစ်ကောင်မမွေးခင်မှာ အစစအရာရာ ဘက်ပေါင်းစုံက သေချာစဉ်းစား တိုင်ပင်ပြင်ဆင်သင့်ပါတယ်..
👉🏻 ခွေးစမွေးမယ်လို့စဉ်းစားတာနဲ့ သူ့ရဲ့သက်တမ်းတစ်လျှောက်အတွက် အစ၊ အလယ်၊ အဆုံး ကိုယ်တာဝန်ယူနိုင်မလား၊ စောင့်ရှောက်နိုင်မလားဆိုတာကို သေချာစဉ်းစားသင့်ပါတယ်.. တာဝန်ယူတယ်ဆိုတဲ့နေရာမှာ သူ့ရဲ့ကျန်းမာရေး၊ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ပျော်ရွှင်ရေး၊ ခွေးအခွင့်အရေး မဆုံးရှုံးရေးစတာတွေကို သေချာထည့်ပီးစဉ်းစားသင့်ပါတယ်.. ကိုယ်တိုင်လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ လေ့ကျင့်ရေးနဲ့ ထိန်းကျောင်းသင်ကြားရေး ဗဟုသုတတွေရှိထားဖို့လိုပါတယ်..
👉🏻 နောက်တစ်ချက်ကတော့ ကိုယ်တစ်ဦးတည်းခွေးချစ်တတ်ရုံနဲ့တင် ခွေးမွေးဖို့မဖြစ်နိုင်ပဲ ကိုယ့်မိဘ၊ အသိုင်းအဝိုင်း၊ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်၊ ၂ ဖက်ဆွေမျိုး၊ မမွေးလာသေးတဲ့ ကိုယ့်သားသမီးစတဲ့ ကိုယ့်အနီးအနားမှာရှိတဲ့ ကိုယ်နဲ့အတူနေသူတွေကိုပါထည့်ပီး စဉ်းစားသင့်ပါတယ်.. အဲ့လို ဆွေ ၇ ဆက် မျိုး ၇ ဆက်တွေတင်မကပဲ ကိုယ်နေတဲ့ အိမ်နေရာရဲ့ ပတ်ဝန်းကျင်ကပါ ခွေးတစ်ကောင်ကိုလက်ခံနိုင်မလားဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်…….
🚩 တကယ်လို့ အပေါ်ကအချက်အလက်တွေကို သေချာစဉ်းစားတိုင်ပင်ပီးလို့ တစ်ကယ်ကိုဘဲ ခွေးတစ်ကောင်မွေးတော့မယ်ဆိုရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ ခွေးအမျိုးအစားကိုရွေးချယ်မွေးမြူတတ်ဖို့ လိုအပ်ပါတယ်……
👉🏻 ကိုယ်က အချစ်တော်လေးတစ်ကောင်လို အနားမှာအမြဲတူတူရှိနေစေချင်ပီး ကိုယ့်အနားကမခွာပဲ ကိုယ့်စကားနားထောင်မယ့်ခွေးလေးမျိုးလား..
👉🏻 လုံခြုံရေးအတွက် စိတ်ချရတဲ့ ခြံစောင့်ခွေးမျိုးလား..
👉🏻 ကိုယ်က အမြဲ active ဖြစ်နေလို့ ကိုယ်နဲ့တူတူ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပေးနိုင်မယ့် ဖလန်းဖလန်းထနိုင်မည့်ခွေးမျိုးလား…….
👉🏻 လူကြီးမိဘတွေအတွက် အဖော်ရအောင် အေးဆေးရှိပီး နာခံလွယ်တဲ့ခွေးမျိုးလား.. စတဲ့ခွေးအမျိုးအစားတွေအများကြီးရှိတဲ့ထဲကမှ ကိုယ့်လိုအပ်ချက်နဲ့သင့်တော်မယ့်ခွေးအမျိုးအစားကိုရွေးချယ်ဖို့လိုပါတယ်.. ခွေးတွေဟာ အမျိုးအစားတစ်မျိုးနှင့် တစ်မျိုးမှာ အရွယ်အစား၊ အကျင့်စရိုက်၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေမတူကြတဲ့အတွက် အမျိုးအစားရွေးချယ်မှုလည်း မှန်ကန်ဖို့လိုပါတယ်..
🚩 နောက်ပြီး ကိုယ်မွေးမယ့်နေရာအနေအထားနဲ့သင့်တော်မယ့် ခွေးအရွယ်အစားကိုလည်း ရွေးချယ်တတ်ဖို့လိုပါတယ်..
👉🏻 နေရာကျဉ်းတယ်၊ သူတို့အတွက် ပြေးလွှားဆော့ကစားဖို့ နေရာမပေးနိုင်ဘူးဆိုရင် အကောင်သေးအမျိုးအစားကို ရွေးချယ်သင့်ပါတယ်.. အကောင်သေးတွေထဲမှာမှ အင်မတန်အဆော့သန်ကြတဲ့ ခွေးလေးတွေလည်းရှိသေးတာမို့ မမွေးခင်မှာ အမျိုးအစားတစ်မျိုးချင်းစီရဲ့အကျင့်စရိုက်တွေကို အသေးစိတ် အရင်ဆုံးလေ့လာသင့်ပါတယ်..
😢 အခုလိုအချက်အလက်တွေကို သေချာမစဉ်းစားပဲ လွယ်လွယ်ခွေးမွေးဖြစ်ကြတဲ့သူတော်တော်များများ နောက်ဆက်တွဲအခက်ခဲတွေနဲ့ကြုံရရင် ဟိုလူကယ်ပါ ဒီလူကယ်ပါနဲ့ တိုင်စပတ်ကြတော့တာပါဘဲ.. အဲ့အချိန်ကျရင် လူရော ခွေးရောဒုက္ခရောက်ကြရပါတယ်.. ခွေးဆိုတာလည်း သက်ရှိတစ်ကောင်ပဲဖြစ်လို့ လွယ်လွယ်မွေး လွယ်လွယ်စွန့်ပစ်ကြဖို့ မသင့်ပါဘူး 😢
❎ ကိုယ်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာ ခွေးမွေးထားလို့ အားကျပီးလိုက်မွေးတာမျိုး..
❎ ကိုယ့်ချစ်သူ ရည်းစားတွေက အမှတ်တရလက်ဆောင် suprise ဘာညာဆိုပီး ပျော်စရာလေးအဖြစ်ပေးလို့ မွေးဖြစ်တာမျိုး (ရည်းစားတွေလို့ပြောတာ တချို့ဆို ရည်းစားတစ်ယောက်ပြောင်းရင် ခွေးတစ်ကောင် လက်ဆောင်ရတတ်တာမျိုးပါမြင်ဖူးနေလို့ရယ် 😁)..
❎ တစ်ချို့ကြတော့ ခွေးလေးတစ်ကောင် ဗန်းပြပြီး ဘဲကြည် စော်ကြည်ဖို့ ပေါ်ပင်မွေးကြတာမျိုး..
❎ တခါတစ်လေကြတော့ တစ်ခြားသူကဝယ်ထားပြီး ဆက်မမွေးနိုင်တော့တဲ့အခါ ပေါချောင်ကောင်းဈေးနဲ့ပြန်ရောင်းကြလို့ ဈေးတန်တယ်ဆိုပီး လွယ်လွယ်ဝယ်မွေးကြတာမျိုး..
❎ တချို့ကြလည်း သူများမမွေးနိုင်တော့လို့ အလကားပြန်ပေးတာကို အလကားရတာပဲဆိုပီး ဝမ်းသာအားရ တိုးကျိတ်တောင်းယူပီး မွေးကြတာမျိုး..
✅ တချို့တွေကျတော့ တစ်ကယ့်ကို ခွေးချစ်တတ်လို့၊ တစ်သက်တာအတွက် ခွေးဒုက္ခတွေကိုခံနိုင်ကြလို့၊ တစ်ဆွေလုံး တစ်မျိုးလုံးကခွေးချစ်ကြလို့၊ ဆွေစဉ်မျိုးဆက် ခွေးမွေးကြတာမျိုး.. စတဲ့ခွေးမွေးဖြစ်ကြပုံတွေကတော့ အမျိုးမျိုးရှိကြပါတယ်..
🥰 ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပါ.. ခွေးချစ်တယ် ခွေးမွေးတယ်ဆိုတာ ကိုယ်တွေလို ဝါသနာတူသူတွေအတွက်တော့ ပျော်စရာပါ.. ဒီဘက်ခေတ်မှာလည်း ခွေးမွေးတာက trend တစ်ခုလိုဖြစ်နေကြတဲ့အတွက် ခွေးတကောင်ကို မမွေးခင်ရော၊ မွေးဖို့ဆုံးဖြတ်ရင်ရော လူရော ခွေးပါ သက်သောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်နိုင်ဖို့.. ကိုယ့်အနီးနားဝန်းကျင်မှာမြင်တွေ့နေရတာတွေရယ်၊ ကိုယ်တိုင်ရဲ့ခွေးဒုက္ခအတွေ့အကြုံတွေရယ်ကို စုပေါင်းပီး sharing and caring လုပ်လိုက်တာပါလေ 🥰
Credit: May Thapyay
Facebook Page Link => YangonPetClub
88/90, 52 Street (Middle Block), Pazundaung Township, Yangon, Myanmar.
09 898 444 020
သင်စတင်ပြီး ခွေးမွေးမြူတော့မယ် ဆိုရင်……….